တန့်ယန်း ဇန်နဝါရီ ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အခမ်းအနားကို အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူ များက ''စုံညီပွဲတော် ဒို့နွှဲပျော်'' သီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးကာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းမောင်ပွင့်က အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေမိုးဦးနှင့် မြို့နယ်ပညာရေးမှူး ဒေါ်ဝါးနေမူးတို့က မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် ကျင်းပရခြင်းနှင့် ပတ်သက်သည်များကို ရှင်းလင်းပြောကြား သည်။
ထို့နောက် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွင်း စာပေနှင့် ပညာရပ်ဆိုင်ရာထူးချွန်ဆုများ၊ အားကစားဆိုင်ရာထူးချွန်ဆုများ၊ ဘက်စုံထူးချွန်ဆု ရရှိကြသူများကို မြို့နယ်မှ တာဝန်ရှိသူ အသီးသီးတို့က ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြကာ အခြေခံပညာ ကျောင်းများမှ ကျောင်းသား/ကျောင်းသူများ တေးသရုပ်ဖော် အကများဖြင့် တင်ဆက်ကပြခဲ့ ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)