ရွာငံ နိုဝင်ဘာ ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် မြို့ကြီးကျေးရွာနှင့် မြို့နယ်ပြည်သူ့ဆေးရုံအတွက် KBZ ဘဏ် မိသားစုမှ ဦးဆောင်၍ ရှမ်းပြည်နယ်ပြည်သူလူထု စားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီမှ အလှူငွေနှင့် ကိုဗစ်-၁၉ ထောက်ပံ့ပစ္စည်များ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီခန့်က မြို့နယ် ပြည်သူ့ဆေးရုံ၊ ရုံးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ဆရာဝန်ကြီး ဒေါတ်တာခွန်ဝင်းလတ်က အမှာစကား ပြောကြားပြီး KBZ ဘဏ် တာဝန်ရှိသူ တစ်ဦးက လှူဒါန်း ရခြင်း ၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေး ကော်မတီမှ မြို့နယ် ကိုဗစ်-၁၉ ကော်မတီသို့ အလှူငွေကျပ်သိန်း (၅၀)၊ မြို့နယ်ပြည်သူ့ဆေးရုံသို့ အလှူငွေကျပ်သိန်း (၅၀)၊ Mask(၂၀၀၀၀)ခု၊ လက်အိတ် (၁၅၀၀)၊ Face shield (၁၀၀၀)၊ Hand Gel (220ml) ၁၂၀၊ PPE(n)(၄၀)၊ PPE(m) ၁၀ တို့ကို အသီးသီး ပေးအပ်လှူဒါန်းရာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအေးမင်းစိုးက ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ရွာငံ)