မတူပီမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များအား စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်နိုင်ရေးအတွက် လိုက်လံစစ်ဆေး

မတူပီ  နိုဝင်ဘာ

ချင်းပြည်နယ်၊ မတူပီခရိုင်၊ မတူပီမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တာဆီးရေးဆိုင်ရာ စံသတ်မှတ်ချက်များနှင့် အညီ ဆောင်ရွက်ထားသည့် စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များကို ဆိုင်ထိုင်ရောင်းချခွင့် ပြုပေးမည်ဖြစ်ရာ စံသတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ထားမှု ရှိ/မရှိကို   တာဝန်ရှိသူများက နေ့နံနက် ၁ဝ နာရီမှ ကွင်းဆင်း စစ်ဆေးသည်။

ထို့သို့စစ်ဆေးရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော် ဦးဆောင်ပြီး မြို့နယ် စည်ပင်သာယာရေး ဦးစီးဌာနကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများပါဝင်သည့် အဖွဲ့တို့က မြို့ပေါ်ရှိ အိမ်ဆိုင်များ၊ ကုန်စုံဆိုင်များ၊ စားသောက်ဆိုင်များနှင့် လက်ဖက်ရည် ဆိုင်များကို ကွင်းဆင်းစစ်ဆေးပြီး ဆိုင်ရှင်များနှင့် ဆိုင်တာဝန်ခံများအား စားသောက်ဆိုင်များတွင် ပြင်ဆင်ထားရမည့် အချက်များ၊ စားသောက်ဆိုင်မှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် အထူးဂရုပြု ဆောင်ရွက်ရမည့် သန့်ရှင်းရေးလုပ်ငန်းများ အစရှိသည့် လိုက်နာရမည့် အချက်များကို ရှင်းလင်းဆွေးနွေး ခဲ့ခြင်းများ ဆောင်ရွက်ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)