နောင်ချိုမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းစီမံကိန်းများ တာဝန်ပေးအပ်

နောင်ချို   နိုဝင်ဘာ ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းစီမံကိန်းများ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွှဲ (၁)နာရီအချိန် က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးသွင်ကိုကိုမင်း က အဖွင့်အမှာစကားပြောကြားရာတွင် "ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်ကိုင် ဆောင်ရွက်ရမည့်ဌာနများအနေဖြင့် နိုင်ငံတော်မှခွင့်ပြုပေးထားသည့် ဘတ်ဂျတ်များအား လေလွှင့် ဆုံးရှုံးမှုမရှိစေရေး ကြီးကြပ်ဆောင်ရွက်ကြစေလိုကြောင်း၊ စီမံကိန်းရည်မှန်းချက်များ အောင်မြင်အောင် ပေါင်းစပ်ဆောင်ရွက်ကြစေလိုကြောင်း"ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံကိန်း ဦးစီးမှူး ဒေါ်မြစန္ဒာမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၏ ကဏ္ဍအလိုက် စီမံကိန်းရည်မှန်းချက်များနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်း စီမံချက်များအား ရှင်းလင်းတင်ပြခဲ့ကာ ဌာနဆိုင်ရာများအား စီမံကိန်းတာဝန်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထွေးငယ်(နောင်ချို၊ပြန်/ဆက်)