တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် Mask Campaign ဆောင်ရွက်

တန့်ယန်း  နိုဝင်ဘာ  ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် အိမ်အပြင်သို့ထွတ်သူတိုင်း နှာခေါင်းစည်း Mask တပ်ဆင်သွားလာရေး အသိပညာပေးခြင်း Mask Campaign ကို ယနေ့နံနက် ၁၀ နာရီအချိန် က  ဗိုလ်ချုပ်လမ်း မြို့နယ်အရန်မီးသတ်ရှေ့၌ အရှိန်အဟုန်မြှင့်၍ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်လျှက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေး အတွက်  ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေမိုးဦးနှင့်  မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် တားဆီးရေးကော်မတီမှ တာဝန်ရှိ ဌာနဆိုင်ရာများပူးပေါင်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးအတွက် လမ်းညွှန်ချက်များနှင့်အညီ အိမ်ပြင်ထွတ်သူတိုင်း နှာခေါင်းစည်း Mask တပ်ဆင်သွားလာနိုင်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း မတပ်ဆင်သူများအား ဒဏ်ငွေပေးဆောင်စေခြင်း Mask Campaign ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။      

မင်းလွင်ဦး(ပြန်/ဆက်)