ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် စိမ့်စမ်းရေရရှိရေး လုပ်ငန်းများနှင့် ရေပိုက် လဲလှယ်ခြင်း လုပ်ငန်းများ ဆောင်ရွက်သွားမည့် နေရာအားကွင်းဆင်းစစ်ဆေး

ဟိုပုံး      နိုဝင်ဘာ    ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုနှင့် ပြည်နယ်ခွင့်ပြု ရန်ပုံငွေကျပ် (၁၃၀.၄၂) သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် နေရာအား ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်(၁၀)နာရီ အချိန် က တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးလွင်မြင့်နှင့် ဝန်ထမ်းများက စိမ့်စမ်းရေသွယ်ယူခြင်း ကျေးရွာများဖြစ်သည့် လုံဟေးကျေးရွာအုပ်စု၊ ကောင်တယံ ကျေးရွာ၊ ငိုချီးကျေးရွာ၊ နမ့်စင်ကျေးရွာ၊ နမ့်ပါချီး ကျေးရွာအုပ်စု၊  နမ့်ပေါ်လုံကျေးရွာနှင့် ရေပိုက်လဲလှယ်ခြင်း ကျေးရွာ များဖြစ်သည့် ကျောက်တန်း ကျေးရွာအုပ်စု၊ နမ့်ပေါဆွမ့်၊ ဘော်ကုန်း ကျေးရွာအုပ်စု၊ နမ့်ပေါ်မုန်း၊ လွယ်အွန့်ကျေးရွာ အုပ်စု၊ ဝါးဆို့ကျေးရွာတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ဟိုပုံးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ကျေးလက်နေ ပြည်သူများ သန့်ရှင်းသော သောက်သုံးရေ လွယ်ကူစွာ ရရှိနိုင်ရေးအတွက် ကျေးလက်ရေရရှိရေး လုပ်ငန်းများအား နှစ်စဉ် ဘဏ္ဍာရေးနှစ်အလိုက် ကျေးရွာအသီးသီး၏ လိုအပ်ချက်အလိုက် အမျိုးအစားခွဲ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။

နေမင်းထွန်း (ဟိုပုံး)