ပြင်ဦးလွင်မြို့တွင် အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေး စီမံကိန်း(ဗဟို)မန္တလေးရုံးခွဲမှ တီဘီရောဂါ ဝေဒနာရှင်များအား ကွင်းဆင်းကုသ

ပြင်ဦးလွင် နိုဝင်ဘာ ၂၃

ပြင်ဦးလွင်မြို့ မိုးကြိုးကွက်သစ်ရှိ ဝေနယျသုခဓမ္မာရုံတွင် ယနေ့နံနက်(၉)နာရီမှစ၍ တီဘီရောဂါ ဝေဒနာရှင်များအား အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်း(မန္တလေး) ရုံးခွဲမှ အခမဲ့လာရောက်စစ်ဆေး ပေးခဲ့ကြောင်းသိရသည်။

အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်း(ဗဟို) မန္တလေးရုံးခွဲမှ အဖွဲ့ခေါင်းဆောင် ဒေါက်တာကျော်သန်းဦး၊ ပြင်ဦးလွင်တီဘီ‌ရောဂါတိုက်ဖျက်‌ရေးမှအဖွဲ့ခေါင်းဆောင် ဆရာဝန်ဒေါက်တာ ဖြိုးမြင့်နိုင် တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယနေ့မှစ၍ နိုဝင်ဘာ (၂၇)ရက်နေ့အထိ ပြင်ဦးလွင်မြို့နယ် အတွင်းရှိ ကျေးရွာ(၅)ရွာရှိ ရက်ရှည်လများ‌ ချောင်းဆိုးနေသူ၊ တီဘီရောဂါဝေဒနာရှင်များအား ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ တီဘီရောဂါ ရှာဖွေပေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်း၊ သလိပ်စစ်ခြင်းများကို အခမဲ့ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ  ကိုယ်ပူချိန်တိုင်းတာခြင်း၊  လူ(၁၀)ဦးခန့် တစ်ကြိမ်သာ‌ခေါ်ယူစစ်ဆေးခြင်းများကိုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြတ်ဆုမွန်