တုံတာမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးအတွက် နှာခေါင်းစည်း (Mask)များ တပ်ဆင်သွားလာရေး အသိပညာပေးဆောင်ရွက်

တုံတာ  နိုဝင်ဘာ ၂၃

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှုမရှိစေရေးနှင့် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဈေးရောင်း၊ ဈေးဝယ်ပြည်သူများနှင့် လမ်းသွားလမ်းလာပြည်သူများအား နှာခေါင်းစည်း (Mask)များ တပ်ဆင်သွားရေးအသိပညာပေးဆောင်ရွက်ခြင်းကို တာဝန်ရှိသူများက ယနေ့နံနက် ၆နာရီခန့် က  တုံတာမြို့ မနက်ခင်းဈေးတွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့စည်ပင်သာယာရေးကော်မတီရုံးခွဲမှ မြို့ဦးစီးမှူး ဦးမျိုးသန်းထိုက်နှင့် မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်နန်းလှအေးတို့ ဦးဆောင်၍ ဌာနဆိုင်ရာများပူးပေါင်းကာ တုံတာမြို့နေပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစးက်ပျံ့ပွားမှုမရှိစေရန်၊ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် အလေးထား၍ နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာပါက နှာခေါင်းစည်း (Mask)များ တပ်ဆင်သွားလာကြရန် အသိပညာပေးခြင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေးနှိုးဆော်ခြင်း၊ ကိုဗစ်-၁၉ ရောဂါ အသိပညာပေး သီးချင်းများဖွင့်ပြခြင်းနှင့် နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လှိုင်လှိုင်ငြိမ်း (ပြန်/ဆက်)