ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် သမဝါယမအသင်းစုလီမိတက်(၁၃)ကြိမ်မြောက် EXIM Bank အသေးစားအရင်းအနှီး ပံ့ပိုးချေးငွေပေးအပ်ပွဲအခမ်းအနားကျင်းပ

မင်းတပ်    ဇန်နဝါရီ     ၉

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမအသင်းစုတို့အနေဖြင့် မြို့နယ်အခြေခံ သမဝါယမအသင်းစုများသို့ (၁၃) ကြိမ်မြောက် China EXIM Bank ​ချေးငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်သမဝါယမရုံးခန်းမတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်ဝင်းက EXIM Bank ၏ ချေးငွေများထုတ်ပေးရခြင်းအကြောင်းနှင့် ချေးငွေများကို စိုက်ပျိုးရေး၊ မွေးမြူရေးစရိတ်အဖြစ်အသုံးပြုရေး၊ အဆိုပါချေးငွေများအပေါ် လေလွင့်ဆုံးရှုံးမှုမရှိစေဘဲ မြေပြင်တွင် စနစ်တကျ အကျိုးရှိရှိ အကောင်အထည်ဖော်​ဆောင်ရွက်သွားကြရန်ဖြစ်ပြီး ချေးယူသူတောင်သူများအနေဖြင့် ချေးငွေများကို (၆)လတစ်ကြိမ်ဖြင့် (၁၆)ကြိမ် အရစ်ကျပြန်လည်ပေးဆပ်ရမည်များကို အသေး စိတ်ရှင်းလင်းဆွေးနွေးသည်။

အဆိုပါ EXIM Bank  ၏ ချေးငွေ ဒေါ်လာသန်း(၃၀၀) ကို စိုက်ပျိုးရေး၊ မွေးမြူရေးတောင်သူ (၉၁၉) ဦးအား အမျိုးအစားအလိုက် မြေပြင်တွင် ဆောင်ရွက်သွားမည့်အပေါ် ချေးငွေကို တောင်သူတစ်ဦးချင်းစီအား ၁ သိန်းမှ ၅ သိန်းအထိထုတ်ချေးပေးခြင်းဖြစ်​ကြောင်းသိရသည်။

ခွီရှိန်း(ပြန်/ဆက်)