တနင်္သာရီ နိုဝင်ဘာ ၂၃
ကိုဗစ် - ၁၉ ရောဂါကာလအတွင်း အသွားအလာကန့်သတ်နယ်မြေ သတ်မှတ်ထားသော ရန်ကုန်တိုင်းဒေသကြီးမြို့နယ်များနှင့် အခြားတိုင်းဒေသကြီး နှင့် ပြည်နယ်များမှတစ်ဆင့် တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်အတွင်းသို့ ပြန်လည်ရောက်ရှိ လာကြသဖြင့် (Community Based Facility Quarantine) များ အတွင်း (၁၄) ရက်အကြာ အသွားအလာ ကန့်သတ် စောင့်ကြည့်ခံနေရသူများကို ကိုဗစ် - ၁၉ ရောဂါပိုး ရှိ/မရှိ အတည်ပြု စစ်ဆေးနိုင်ရန်အတွက် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ အောင်သိုက်ထွန်း၏ ညွှန်ကြားချက်ဖြင့် မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ယနေ့ နံနက် ၉ နာရီအချိန်က ကျေးရွာ Quarantline Center များအထိ သွားရောက်၍ ၎င်းတို့၏ နာခေါင်းနှင့်အာ ခေါင်တို့ဖတ်(Swab)နမူနာများကို ရယူခဲ့ကြကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
တနင်္သာရီမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများ၌ ဖွင့်လှစ်ထားသော (Community Based Facility Quarantine) အတွင်း(၁၄)ရက်အကြာ အသွားအလာကန့်သတ်၍ ကျန်းမာရေး စောင့်ကြပ်ကြည့်ရှုထားရှိသူ ကျား(၁၄)ဦးနှင့် မ(၁၀)ဦး၊ စုစုပေါင်း(၂၄)ဦးရှိကြောင်း၊ ၎င်းတို့ (၃)ရက်မြောက်နေ့ ၌ Test Kit ဖြင့် ပဏာမစစ်ဆေးပေး၍ (၁၁) ရက်ပြည့်ပါက နာခေါင်းနှင့် အာခေါင်တို့ဖတ် (Swab) နမူနာများထပ်မံရယူ၍ ကိုဗစ် - ၁၉ ရောဂါပိုး အတည်ပြု စစ်ဆေးမှုပြုနိုင်ရန် မော်လမြိုင်မြို့ ပြည်သူ့ဆေးရုံကြီးသို့ ဆက်လက်ပေးပို့ စစ်ဆေးသွားမည် ဖြစ်ကြောင်းနှင့် တနင်္သာရီမြို့နယ်အတွင်း ယနေ့အထိ ကိုဗစ် - ၁၉ ရောဂါပိုး အတည်ပြု တွေ့ရှိသူ မရှိသေးကြောင်း မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှူး ဒေါက်တာ အောင်သိုက်ထွန်းထံမှ သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)