ကျောက်ဆည်၊ နိုဝင်ဘာ၂၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆ်ဆံရေးဦးစီးဌာန ရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနှင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး နှိုးဆော်ချက်များ အသိပညာပေးနံရံကပ်စာစောင်ကို ယနေ့မွန်းလွဲ ၁နာရီက ပြသခဲ့ကြောင်းသိရသည်။
အဆိုပါ အသိပညာပေးနံရံကပ်စာစောင်တွင် အမျိုးသမီးများအကြမ်းဖက်မှုအပေါ် ကာကွယ်ပေးသောဥပဒေများ၊ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ အသိပညာပေးနှိုးဆော်စာများ၊ မီဒီယာနှင့်သတင်းအချက်အလက်များ သိရှိနားလည်မှုရှိသော မိဘအုပ်ထိန်းမှုအတတ်ပညာနှင့် ကျန်းမာရေးဆိုင်ရာ နည်းလမ်းများ၊ ကိုဗစ်-၁၉ ကာလအတွင်း သတင်းအချက်အလက် ဝန်ပိမှုကို စီမံခန့်ခွဲခြင်း၊ သတင်းအချက်အလက်များက မည်သို့ ဆက်စပ် အရေးပါကြောင်း ကလေးများနှင့်အတူဆွေးနွေးပါစသည့်အသိပညာပေး နှိုးဆော်ချက်များနှင့် နိုင်ငံတော်အစိုးရ ၏တိုင်းကျိုးပြည်ပြု ဆောင်ရွက်ချက် မှတ်တမ်းများကိုလည်း ပြည်သူများအသိပညာဗဟုသုတရရှိစေရန်အသိပညာပေးပြသထားရှိကြောင်းသိရသည်။
တင်တင်ထွေး(ခရိုင်ပြန်/ဆက်)