ရွှေသောင်ယံ နိုဝင်ဘာ ၂၃
ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အ.ထ.ကရွှေသောင်ယံရှိ Facility Quarantine စင်တာတွင် ကူညီလုပ်ကိုင် ဆောင်ရွက်နေသော Volunteer လူငယ်များအတွက် ဂုတ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီက အဆိုပါ စာသင်ကျောင်းဝင်းအတွင်း၌ ပြုလုပ်ခဲ့သည်။
အ.ထ.ကရွှေသောင်ယံ Facility Quarantine စင်တာတွင် မိမိတို့၏ကိုယ်ပိုင်စိတ်ဓါတ်ဖြင့် နေ့ညမပြတ် ဝင်ရောက် လုပ်ကိုင်ပေးနေသော Volunteer လူငယ်(၁၄)ဦးရှိပြီး ၎င်းတို့အတွက် သဘော့ကန် ကျေးလက်ကျန်းမာရေးဌာနမှ ဂုဏ်ပြုမှတ်တမ်းလွှာကို ပေးအပ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ရာသို့ ရွှေသောင်ယံမြို့အုပ်ချုပ်ရေးမှူး ဦးဆိုင်းနော်နော်၊ ရွှေသောင်ယံမြို့ တိုက်နယ်ဆရာဝန် ဒေါက်တာရဲလင်းတိုး၊ သဘော့ကန်ကျေးလက်ကျန်းမာရေးဌာန ကျန်းမာရေးမှူး ဦးမျိုးအောင်ကျော်နှင့် ကျန်းမာရေး ဆရာမများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှ လာရောက်ဂုဏ်ပြု ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ကိုကိုမောင် (ပြန်/ဆက်)