ကျောက်ဆည်မြို့ နည်းပညာတက္ကသိုလ် (Facility Quarantine) မှ ပိုးတွေ့လူနာနှင့် ထိတွေ့သူ (၃၅) ဦး၊ Hotel Quarantine မှ (၁) ဦး၊ ရန်ကုန်ပြန်(၁)ဦးနှင့် ပြည်ပပြန်(၁)ဦးတို့အား ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ သိရှိနိုင်ရေး ဓာတ်ခွဲနမူနာများ ရယူ

ကျောက်ဆည် နိုဝင်ဘာ ၂၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ နည်းပညာတက္ကသိုလ် Facility Quarantine မှ ပိုးတွေ့လူနာနှင့် ထိတွေ့သူ(၃၅)ဦး၊ Hotel Quarantine မှ(၁)ဦး၊ ရန်ကုန်ပြန်(၁)ဦးနှင့် ပြည်ပပြန် (၁) ဦးတို့အား ကိုဗစ်-၁၉ရောဂါ ရှိ/မရှိ သိရှိနိုင်ရေး ယနေ့ နံနက်(၁၀) နာရီက  ဓာတ်ခွဲနမူနာများ ရယူခဲ့ကြောင်း သိရသည်။

ထိုသို့ ဓာတ်ခွဲနမူနာများရယူရာတွင် ပိုးတွေ့လူနာနှင့်ထိတွေ့ခဲ့သည့် ရဲစုရပ်ကွက်မှ အမျိုးသား (၂)ဦး၊ ဆူးကုန်းရပ်ကွက်မှ အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၃)ဦး၊  ပင်တလည်ကျေးရွာမှ အမျိုးသမီး(၂)ဦး၊ ရွှေလေးကျေးရွာမှ အမျိုးသမီး(၁၀)ဦးနှင့် အမျိုးသား(၂)ဦး၊ ရှားပင်ကျေးရွာမှ အမျိုးသား(၁)ဦး၊ မြဉ္ဇူခြံကျေးရွာမှ အမျိုးသား(၁)ဦး၊ ဖောင်ရွာရပ်ကွက်မှအမျိုးသား(၃)ဦး၊ ပြည်လုံးနိုင် ရပ်ကွက်မှ အမျိုးသား(၂)ဦးနှင့် အမျိုးသမီး(၃)ဦး၊ အေသုံးလုံး ဘိလပ်မြေစက်ရုံမှ အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၂)ဦး၊ ဖျောက်ဆိပ်ပင်ကျေးရွာမှ အမျိုးသမီး(၂)ဦး၊ မင်းရပ် ရပ်ကွက်မှ အမျိုးသမီး(၁)ဦး၊စုစုပေါင်း(၃၆)ဦးတို့ဖြစ်ပြီး ရန်ကုန်မှပြန်လာသည့် ကြက်မင်းတွန် ရပ်ကွက်မှ အမျိုးသား(၁)ဦး၊တရုတ်နိုင်ငံ ရွှေလီမြို့မှ ပြန်လာသည့် ပေါင်လောင်လေး ကျေးရွာမှ အမျိုးသား(၁)ဦး တို့ဖြစ်ကြောင်း သိရသည်။

အဆိုပါ (၃၈)ဦး၏ ဓာတ်ခွဲနမူနာများကို ကျောက်ဆည်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ယဉ်မင်းမင်းစိန် ဦးဆောင်မှုဖြင့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ရယူခဲ့ပြီး မန္တလေးမြို့ ပြည်သူ့ဓာတ်ခွဲဌာနသို့ ပို့ဆောင်ခဲ့ကြောင်း သိရပြီး  ဓာတ်ခွဲအဖြေများသိရှိပါက ပြည်သူများသိရှိနိုင်ရေး အချိန်နှင့် တစ်ပြေးညီး ထုတ်ပြန်ကြောညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)