ကြံခင်း နိုဝင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ Mask & Face Shield Campaign ပြုလုပ်ခြင်းကို ယနေ့နံနက် (၈) နာရီအချိန်က ကြံခင်းမြို့ ဗိုလ်ချုပ်လမ်းတစ်လျှောက်နှင့် မြို့မဈေးတွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးအဖွဲ့များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် လူမှုရေးအသင်းတို့ ပူးပေါင်းပြီး အဖွဲ့များခွဲကာ ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
ကြံခင်းမြို့နေ ပြည်သူများအား ယခုအခါ ကိုဗစ်-၁၉ ရောဂါကူးစက်မှုအန္တရာယ် များပြားလာချိန်တွင် နေအိမ်ပြင်ပထွက်ပါက မဖြစ်မနေ Mask တပ်ဆင်သွားလာရန်၊ လက်ကိုစက္ကန့်(၂၀)ကြာ စနစ်တ ကျဆေးကြောရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေကြရန်၊ လူစုလူဝေးရှောင်ရှားရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ လိုက်နာဆောင်ရွက်ရမည့် အချက်များကိုပြည်သူများ သိရှိစေရန် ကျန်းမာရေး ဦးစီးဌာနမှ Hand Speaker ဖြင့် အသိပေးနှိုးဆော်ခဲ့ကြောင်းနှင့် Mask & Face Shield Campaign ပြုလုပ်ပြီး ပြည်သူများအား ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါဆောင်ရွက်ခြင်းကို မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ မြို့နယ်ကျန်းမာရေးမှ တာဝန်ရှိသူများ၊ မြို့နယ်အမျိုး သမီးရေးရာနှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့များ၊ မြို့နယ်ရင်ခွင်မဲ့ ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်တားဆီးရေးအသင်းများ ပူးပေါင်းဆောင်ရွက် ခဲ့ကြကြောင်းနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရန် Mask အခု(၂၀၀၀) နှင့် Face Shield အခု(၁၄၅) ခုအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မိုးမိုး(ပြန်/ဆက်)