ဇလွန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် Mask Campaign ဆောင်ရွက်

ဇလွန်  နိုဝင်ဘာ  ၂၃

ဧရာဝတီတိုင်းဒေသကြီး ၊  ဇလွန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးအတွက် ကျန်းမာရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းမဖြစ်မနေ တပ်ဆင်ရေး လှုပ်ရှားမှုအဖြစ်နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းမှစတင်၍ဈေးများနှင့် လမ်းဆုံနေရာ များတွင် Mask Campaign ကို အရှိန်အဟုန်မြှင့်ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။

Mask Campaign ဆောင်ရွက်မှုတွင် မြို့နယ်ဆရာဝန်ကြီးဒေါက်တာ​စောသူရိန်နှင့် ကျန်းမာရေးဝန်ထမ်းများ ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများနှင့် မြို့နယ်အဆင့်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်း ကော်မတီဝင်များ ပူးပေါင်းပါဝင်လျက်ဈေးများနှင့် လမ်းဆုံနေရာများတွင်ယနေ့အထိ နှာခေါင်းစည်း Mask စုစုပေါင်း(၂၅၀၀) ကိုအခမဲ့ဖြန့်ဝေပြီး​ဖြစ်ကြောင်းသိရသည်။

ဝေယံ - ဇလွန်(ပြန်/ဆက်)