မော်လမြိုင်ကျွန်း နိုဝင်ဘာ ၂၃
မော်လမြိုင်ကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှု များပြားနေပြီဖြစ်သည့်အတွက် ယနေ့နံနက် ၆ နာရီ အချိန်က မြို့အဝင်စစ်ဆေးရေးဂိတ်၌ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူမျာ ပူးပေါင်း၍ နေ့စဉ်စစ်ဆေးခြင်း ဆောင်ရွက်လျက်ရှိသည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး ဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့များမှ မြို့နယ်အတွင်းသို့ ဝင်ရောက်လာသူများအား Maskများ စနစ်တကျ တပ်ဆင်ထားမှုရှိမရှိနှင့် ကိုယ်အပူချိန်စစ် ဆေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့စစ်ဆေးရာတွင် Stay at Home သတ်မှတ်ထားသော မြို့နယ်များမှ ပြန်လာသူများအား Facility Quarantine (၁၄) ရက်နှင့် နေအိမ်တွင် Home Quarantine(၇) ရက်နေထိုင်ရမည်ဖြစ်ပြီး အဆိုပါမြို့နယ်များမှ နေ့ချင်းပြန် လာရောက်မည်ဆိုပါက (၇၂) နာရီအတွင်း Test Kid စစ်ဆေးချက် Negative ဖြစ်ကြောင်း ထောက်ခံချက်ပါမှသာ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သိရသည်။
မြို့နယ်နေ ပြည်သူများအနေဖြင့် လူစုလူဝေးများ မပြုလုပ်ကြရန်၊ မဖြစ်မနေပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်း (Mask) တပ်ဆင်ရန်၊ ပြင်ပသို့ပြန်လာပြီးတိုင်း လက်ကိုစနစ်တကျ ဆေးကြောရန်၊ ပြည်သူများ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် အသိပညာပေးရေးလုပ်ငန်းများ အရှိန်အဟုန်တိုးမြှင့် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
အောင်အောင်(ပြန်/ဆက်)