ရွာငံ နိုဝင်ဘာ ၂၃
လတ်တလောဖြစ်ပေါ်လျက်ရှိသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် တွင် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ မြိုင်ဈေးတွင် ဈေးရောင်း/ဈေးဝယ်များနှင့် ဈေးလာပြည်သူများအား Mask Campaing ကို ယမန်နေ့နံနက် ၈ နာရီအချိန်က အဆိုပါဈေးအတွင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် မြိုင်တိုက်နယ်ဆေးရုံမှ ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ ဈေးတာဝန်ခံ ဦးရန်နိုင်ထွေး၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြိုင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသိန်းစိုးအောင်နှင့် အဖွဲ့ဝင်များ၊ ဂရုဏာရှင် လူမှုကူညီရေးအသင်းမှ အဖွဲ့ဝင်များသည် ဈေးရောင်း/ဈေးဝယ်များနှင့် အများပြည်သူများ ကိုဗစ်- ၁၉ ကူးစက်ရောဂါဘေးမှ ကင်းဝေးစေရန်နှင့် အပြင်ထွက်လျှင် Maskတပ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန် ပြည်သူလူထုပူးပေါင်းပါဝင်လာနိုင်စေရန်နှင့် ဈေးသို့လာရောက်ကြသော ဈေးသူ၊ ဈေးသားများ၊ ဈေးရောင်း/ဈေးဝယ်များအား မြို့နယ်ကိုဗစ်ကော်မတီမှ လှူဒါန်းသည့် နှာခေါင်းစည်း (MasK)များ အခမဲ့ပေးဝေခဲ့ကြသည်။
ထို့နောက် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း နေထိုင်သွားလာရေးနှင့် ဆောင်ရန်/ရှောင်ရန်များကို Hand Speaker များဖြင့် အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ထွန်းထွန်းဝင်း(ရွာငံ)