နောင်ချို နိုဝင်ဘာ ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ လက်ရှိ ဆောင်ရွက်လျက်ရှိသော ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များအား ကိုဗစ်-၁၉ Test Kit ဖြင့် စစ်ဆေးမှုတွင် ယမန်နေ့ က နောင်ချိုမြို့နယ်၊ ဘူတာရပ်ကွက်တွင်နေထိုင်သော မန္တလေး-နောင်ချို ကုန်းစိမ်းပြေးဆွဲနေသည့် ယာဉ်မောင်း၌ ရောဂါပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါပိုးတွေ့ယာဉ်မောင်းနှင့် ထိတွေ့ဆက်စပ်ခဲ့သူများကို နောင်ချိုမြို့၊ အထက Quarantine Centre ၌ ထားရှိကာလိုအပ်သော ဆေးစစ်မှုများဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
ထို့အပြင် နောင်ချိုမြို့နယ် ဆမ္မဆယ်ကျေးရွာတွင် နေထိုင်သူအမျိုးသမီးတစ်ဦး (ရန်ကုန်မှ ပြန်လာသူ) ဆမ္မဆယ် အထက Quarantine Centre တွင် Quarantine ဝင်ရာမှ ကိုဗစ်-၁၉ ပိုးစစ်ဆေးရာတွင် ရောဂါပိုးတွေ့ရှိခဲ့ရာ အဆိုပါရောဂါပိုးတွေ့ရှိသူများကို နောင်ချိုမြို့ ပြည်သူ့ဆေးရုံ သီးသန့်ဆောင်တွင်ထားရှိကာ ဆေးကုသမှုပေးလျက်ရှိကြောင်း သိရသည်။ နောင်ချိုမြို့နယ်အနေဖြင့် ယနေ့ထိ ကိုဗစ်-၁၉ အတည်ပြုလူနာ (၃)ဦးရှိပြီဖြစ်ကြောင်း ကျန်းမာရေးဌာနမှ သိရသည်။
ထွေးငယ်(နောင်ချို၊ပြန်/ဆက်)