မန္တလေးမြို့တွင် သမဝါယမလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မန္တလေး နိုဝင်ဘာ ၂၃

မန္တလေးတိုင်းဒေသကြီး၊ သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် တိုင်းဒေသကြီးအဆင့် သမဝါယမအသေးစား ငွေကြေးဝန်ဆောင်မှု ချေးငွေလုပ်ငန်းကြီးကြပ်မှု လုပ်ငန်းကော်မတီ အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁နာရီက Zoom Cloud Media Application အသုံးပြု၍ Video Conferencing ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် တိုင်းဒေသကြီး သမဝါယမဦးစီးမှူး ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့် နှင့် တာဝန်ရှိသူများက အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ Daedong စက်ပစ္စည်းများ ထပ်မံရောင်းချရေး၊ ရောင်းချငွေများ ကောက်ခံပေးသွင်းရေး ကိစ္စရပ်များအပြင်၊ အသင်းများ၏ စာရင်း စစ်ဆေးရာတွင် တွေ့ရှိရသည့် အားနည်းချက်များနှင့် ပြင်ဆင်ရန်အချက်များ၊ နှစ်ချုပ်ရေးဆွဲခြင်း  နှင့် စာရင်းအင်း ရေးသွင်းရေးကိစ္စရပ်များ၊ အသင်းဝန်ထမ်းခန့်ထားရေး၊ အသင်းဘဏ်စာရင်း ဖွင့်လှစ်ရေး၊ ကာလလွန် ကြွေးကျန်များ၊ ချေးငွေကြွေးကျန် သိမ်းဆည်းရေး၊ SI စစ်ဆေးရေး ကိစ္စရပ်များ၊ EB ချေးငွေ ကာလလွန် ကြွေးကျန်ကောက်ခံရေးများ၊ (၁၄)ကြိမ်မြောက် EB ချေးငွေ ပြန်လည် သိမ်းဆည်းရေး ကိစ္စရပ်များကို အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့် နှင့် အရာထမ်း အမှုထမ်းများ၊ တိုင်း‌ဒေသကြီး သမဝါယမအသင်းစု ချုပ် ဥက္ကဋ္ဌဦးစန်းလွင် နှင့် အမှုဆောင်များ၊ မြို့နယ်သမဝါယမဦးစီးဌာနများမှ ဦးစီးအရာရှိများ နှင့် မြို့နယ်သမဝါယမအသင်းစု ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇာနည်ကိုကို