နမ့်စန်-မိုင်းပျဉ်း-ကျိုင်းတုံ ဓာတ်အားလိုင်း ကြိုးဆွဲလုပ်ငန်းကြောင့် ပျက်စီးသွားသော ရာသီသီးနှံနှင့် နှစ်ရှည်ပင်များအတွက် နစ်နာကြေးများပေးအပ်

နမ့်စန်(တ)   နိုဝင်ဘာ    ၂၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ၂၃၀ ကေဗွီ နမ့်စန်-မိုင်းပျဉ်း-ကျိုင်းတုံ ဓာတ်အားလိုင်း ကြိုးဆွဲလုပ်ငန်း ကြောင့် ပျက်စီးသွားသော ရာသီသီးနှံနှင့် နှစ်ရှည်ပင်များအတွက်  တောင်သူများအား နစ်နာကြေးများပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆောင် ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန၊ ဓာတ်အားလိုင်းပို့လွှတ်ရေး စီမံကိန်း(မြောက်ပိုင်း) စီမံကိန်းမန်နေဂျာရုံး(၂)၊ မိထ္တီလာမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းထွန်းက ဓာတ်အားလိုင်း ကြိုးဆွဲ လုပ်ငန်း ကြောင့် သီးနှံများထိခိုက်ပျက်စီးခဲ့သည့် တောင်သူများကို နစ်နာကြေးများ ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြော ကြားခဲ့သည်။

ထို့နောက် ၂၃၀ ကေဗွီ နမ့်စန်-မိုင်းပျဉ်း-ကျိုင်းတုံ ဓာတ်အားလိုင်းတည်ဆောက်ရာတွင် ကြိုးဆွဲလုပ်ငန်းကြောင့် Fair Way တလျှောက် ရာသီသီးနှံ၊ စိုက်ခင်းနှင့် နှစ်ရှည်ပင်များပျက်စီးခဲ့သော နမ့်စန်မြို့နယ်အတွင်းရှိ မက်မွန်မုန်းကျေး ရွာအုပ်စု၊ နောင်ဟီးကျေးရွာအုပ်စု၊ ခိုအွတ်ကျေးရွာအုပ်စု နှင့် ဟိုနောင်ကျေးရွာအုပ်စုတို့မှ ကျေးရွာ ပေါင်း(၁၇)ရွာနှင့် ခိုလမ်မြို့၊ အမှတ်(၁)ရပ်ကွက်တို့မှ စုစုပေါင်း တောင်သူ (၆၁) ဦးအတွက် သတ်မှတ်သီးနှံတန်ဖိုးအလိုက်နစ်နာကြေးငွေ စုစုပေါင်း ၄၁၀၄၄၈၈၃ ကျပ်ကို  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးလွင်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလင်းအောင်ဆွေနှင့် ဦးစိုင်းလုံ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်၊ ဓာတ်အားလိုင်း ပို့လွှတ်ရေးစီမံကိန်း (မြောက်ပိုင်း) စီမံကိန်းမန်နေဂျာရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးနိုင်ဝင်းထွန်းနှင့် တာဝန်ရှိသူတို့က တောင်သူ တစ်ဦးချင်းအလိုက် ပေးအပ်ခဲ့ကြောင်း သိရသည်။

သူရအောင် (ပြန်/ဆက်)