မန်တုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် ယာဉ်လိုင်းများ ခေတ္တယာယီပိတ်

မန်တုံ     နိုဝင်ဘာ    ၂၄

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်တွင်  ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ကာကွယ်နိုင်ရေးအတွက် ဌာနဆိုင်ရာ များ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းကာ မြို့ဝင်မြို့ထွက်  ဂိတ်များတွင် အထူးကြပ်မတ် ဆောင်ရွက်လျက်ရှိသည်။

မန်တုံမြို့တွင် ကိုဗစ်-၁၉ ရောဂါအား ယခင်ကထက် ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရေးအတွက် မန်တုံ-လားရှိုး ပြေးဆွဲနေသည့်ယာဉ်များ၊ လားရှိုးမြို့မှ ကုန်စည်ရောင်းသည့် ယာဉ်များနှင့် အခြားသော ယဉ်များအား နိုဝင်ဘာလ (၂၁) ရက်နေ့မှ ဒီဇင်ဘာလ (၅) ရက်နေ့ အထိယာယီ ပိတ်ဆို့ထားမည်ဖြစ်ပြီး ကျန်းမာရေး ကိစ္စနှင့် အခြားသော လူမှုရေး ကိစ္စများအား   မဖြစ်မနေ သွားရောက်ရမည်ဆိုပါက သက်ဆိုင်ရာ ရပ်ကွက် မြို့နယ်ကျန်းမာရေး ထောက်ခံစာဖြင့် သွားရောက်ရမည် ဖြစ်ကြောင်း၊ နမ္မတူမြို့မှ လာရောက်ရောင်းချနေသည့် ဈေးသည် များအား တစ်ရက်စာ ထောက်ခံချက်နှင့်အတူ ရောင်းချခွင့်ပြုကြောင်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကြေငြာ ထားရှိချက်များအရ သိရသည်။

စည်သူမောင်မောင် (ပြန်/ဆက်)