နမ္မတူ ဇန်နဝါရီ ၉
၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းရှိ ပညာရောင်ခြည်ခန်းမ၌ ယမန်နေ့နံနက် (၁၀) နာရီအချိန်က ကျင်းပခဲ့ရာ ကျောင်းသား/ ကျောင်းသူလေးများက စုံညီပွဲတော် တို့နွှဲပျော်သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့သည်။
အခမ်းအနားတွင် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား/ကျောင်းသူဆုများ၊ ဂုဏ်ထူးရ ကျောင်းသား/ကျောင်းသူ ဆုများ၊ ဂုဏ်ထူးရဘာသာပြ ဆရာ/ဆရာမဆုများ၊ ကျောင်းတက်ရက်မပျက် ဆရာ/ဆရာမဆုများ၊ ၂၀၁၉-၂၀၂၀ပညာသင်နှစ် နေ့ထူးနေ့မြတ်အထိမ်းအမှတ် ပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား/ကျောင်းသူ ဆုများအား တာဝန်ရှိသူများက အသီးသီး ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းသား/ကျောင်းသူများ၊ မိဘပြည်သူများ တက်ရောက်ကြပြီး အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူလေးများက အကပဒေသာများဖြင့် သီဆိုဖျော်ဖြေခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)