ဖယ်ခုံ နို၀င်ဘာ ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရန်အတွက် ပြည်သူလူထုအတွင်း အသိပညာပေးခြင်းနှင့် ပါးစပ်နှင့်နှာခေါင်းစည်း တပ်ဆင်ရန် လှုံ့ဆော်ခြင်းများကို ယနေ့နံနက်ပိုင်းက မြို့မဈေးတွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြသည်။
ပြည်သူလူထုအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကာကွယ်ရန်နည်းလမ်းများကို လက်ကိုင်အသံချဲ့စက်များဖြင့် လှည့်လည်အသိပညာပေးခြင်းနှင့် မြို့မဈေးတွင် ပါးစပ်နှင့်နှာခေါင်းစည်းများ၊ Face shield များ အခမဲ့ဝေငှခြင်းများကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယနေ့ မြို့မဈေး၌ ပါးစပ်နှင့်နှာခေါင်းစည်းများ ဝေငှရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာကျော်ကျော်ဦးနှင့် ကျန်းမာရေး၀န်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးမြတ်သူ နှင့် ၀န်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၀န်ထမ်းများဖြင့် ပူးပေါင်း၍ Mask ၁၅၀၀ ခုနှင့် Face shield ၅၀ ခုတို့ကို ဖြန့်ဝေခဲ့ကြောင်း ဒေါက်တာကျော်ကျော်ဦးထံမှ သိရသည်။
ထို့အတူ နောက်ရက်များတွင်လည်း အဝေးပြေးကားဂိတ်များ၊ မြို့လယ်အဝိုင်းနှင့် အခြားလူစုလူဝေး ရှိနိုင်သော နေရာ များတွင် ပါးစပ်နှင့်နှာခေါင်းစည်းများ ဆက်လက်ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။
မောင်မောင်ထွေး(ပြန်/ဆက်)