ခိုင်ကမ်း နိုဝင်ဘာ ၂၃
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့ရှိ ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ ရောဂါ ရှိ မရှိ နေ့စဉ်စစ်ဆေးလျက်ရှိရာ ယနေ့နံနက် ၈ နာရီမှ ၁၀ နာရီအထိ ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၂၅ ဦးကို Test Kit ဖြင့်စစ်ဆေးရာ ကလေးမြို့မှ ရိခေါ်ဒါရ်သို့ ကုန်စည်ပစ္စည်းများပို့ဆောင်မောင်းနှင်မည့် ယာဉ်နောက် လိုက်တစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိကြောင်းသိရသည် ။
အဆိုပါ ပိုးတွေ့ရှိသူ ယာဉ်နောက်လိုက်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ညောင်ပင်သာ ရပ်ကွက်တွင် နေထိုင်သူအသက် ၂၃ နှစ်အရွယ်ရှိ အမျိုးသာဖြစ်သည်။ ပိုးတွေ့ရှိသူ ယာဉ်နောက်လိုက်အား စစ်ကိုင်း တိုင်းဒေသကြီး၊ ကလေးမြို့နယ် ကိုဗစ်-၁၉ ရောဂါကုသရေး ဆေးရုံသို့ ပို့ဆောင်ဆေးကုသ သွားမည်ဖြစ်ကြောင်း သိရပြီး ပိုးတွေ့ရှိသူ၏ ကျန်းမာ ရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိကြောင်း သိရှိရသည်။
ဝုန်လွန်းညောင်(ခိုင်ကမ်း)