သပိတ်ကျင်း နိုဝင်ဘာ ၂၃
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့ ပြည်သူ့ဆေးရုံသို့ (၇) မိုင် ချမ်းသာကျေးရွာ ဦးထွန်း+ဒေါ်ယဉ်နု “ရွှေနိုင်ငံ” ရောင်းဝယ်ရေး မိသားစုမှ ယနေ့မွန်းလွဲ (၂)နာရီက မြို့နယ်ပြည်သူ့ဆေးရုံ၌ လိုအပ်လျက်ရှိသော ဆေးရုံသုံးပစ္စည်းများလှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါလှူဒါန်းမှုတွင် သပိတ်ကျင်းမြို့ ပြည်သူ့ဆေးရုံသို့ တက်ရောက်ကုသနေသည့် လူနာများအတွက် လိုအပ်လျှက်ရှိသည့် ကုသရေးတွင် အသုံးပြုသည့် Infant Warmer (မွေးကင်းစ ကလေးငယ်များအတွက် အနွေးဓာတ်ပေးသည့်စက် (၁)ခု)၊ Cardiac Table (နှလုံးသမားများ အတွက်အသုံးပြုသည့် ပစ္စည်းများ) အား မြို့နယ်ပြည်သူ့ဆေးရုံသို့ အလှူရှင်များကိုယ်စား ဦးစိုးနိုင်ဝင်း+ဒေါ်မေစန္ဒာလွင် (သပိတ်ကျင်း) တို့မှ ပေးအပ်လှူဒါန်းရာ မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်မိုးခိုင်နှင့် တာဝန်ရှိသူများမှ လက်ခံရယူပြီး အလှူရှင်မိသားစု အား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုးနိုင်ဝင်း (ပြန်/ဆက်)