မံစီ နိုဝင်ဘာ ၂၃
ကချင်ပြည်နယ် ၊ ဗန်းမော်ခရိုင် ၊ မံစီမြို့အတွင်းရှိ စားသောက်ဆိုင်များ ပြန်လည်ဖွင့်လှစ် နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ညွှန်ကြားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စံသတ်မှတ်ချက် များနှင့်အညီ ဆောင်ရွက်ထားမှု ရှိမရှိကို ယနေ့ မွန်းလွဲပိုင်းက တာဝန်ရှိသူများ လှည့်လည် ကြည့်ရှုစစ်ဆေး ခဲ့ကြကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထက်ပြည့်ဇော် ဦးဆောင်သည့် မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသရေးကော်မတီအဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြပြီး အသိပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေကာ စားသောက်ဆိုင်များတွင် ပြင်ဆင်ထားရှိ ရမည့်အချက်များ၊ ဆိုင်ရှင်နှင့် ဝန်ထမ်းများလိုက်နာရမည့် အချက်များကို ကျန်းမာရေး စံသတ်မှတ်ချက်များ၊ စည်းကမ်းချက် များနှင့်အညီဆောင်ရွက်မှုရှိမရှိကို လှည့်လည်စစ်ဆေး ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။
ရိန် (ပြန်/ဆက်)