ဒက္ခိဏသီရိ နိုဝင်ဘာ ၂၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ၂၀၂၀-၂၀၂၁ ခုနှစ်၊ နွေစပါးနှင့် ဆောင်းသီးနှံများ စနစ်တကျစိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီတွင် Zoom Meeting စနစ်ဖြင့်ပြုလုပ်ရာ နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်နှင့် မြို့နယ်များမှ ဌာနဆိုင်ရာများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန် က နေပြည်တော်အတွင်း ဆည်ရေဖြန့်ဝေပေးနိုင်မှုအပေါ် မူတည်ပြီး နွေစပါးစိုက်ပျိုးမှုကို စနစ်တကျလျာထားဆောင်ရွက် သွားကြရန်လိုကြောင်း၊ နွေစပါးအပြင် အခြားသီးနှံများစိုက်ပျိုးနိုင်ရေးကိုလည်း တောင်သူများရဲ့ ဆန္ဒနှင့်အညီ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဆောင်သီးနှံများစိုက်ပျိုးရာတွင် တောင်သူများအနေဖြင့် ဆုံးရှုံးနစ်နာမှုများမဖြစ်ပွားစေရန်အတွက် ရာသီဥတုနှင့် ကိုက်ညီပြီး ဈေးကွက်ဝင်သီးနှံများကို ရွေးချယ်စိုက်ပျိုးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားကြရန်လိုကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဝင်းဦး က နေပြည်တော်အတွင်း ၂၀၂၀-၂၀၂၁ နွေစပါးနှင့်ဆောင်းသီးနှံများ စနစ်တကျ စိုက်ပျိုးနိုင်ရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးတင်ပြပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် အသီးသီးရှင်းလင်းဆွေးနွေးကြရာ နေပြည်တော်ကောင်စီဝင် က ဆွေးနွေးတင်ပြမှုများအပေါ် ဖြည့်စွက်ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
ဇော်မင်းလွင်(ခရိုင်ပြန်/ဆက်)