မန္တလေးပြည်သူ့ဆေးရုံကြီး နှလုံးအထူးကုစင်တာ၌ မီးလာင်မှုဖြစ်ပွား

ချမ်းအေးသာစံ အောက်တိုဘာ ၁

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၊ ဟေမာဇလရပ်ကွက်၊ ၂၈x၂၉ လမ်း၊ ၇၄x၇၇ လမ်းကြားရှိ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၊ အထက်မြန်မာပြည်နှလုံးအထူးကုစင်တာ၊ နှလုံးအထူးကုဌာန၊ စမ်းသပ်ကုသဆောင် ၃ ထပ်ဆောင်၊ မြေညီထပ်၊ ကနဦးစမ်းသပ်ကုသခန်းတွင် အောက်တိုဘာ(၁)ရက် နံနက် ၅ နာရီ ၁၅ မိနစ်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီး‌လောင်ရာသို့ မန္တလေးတိုင်းဒေသကြီး တိုင်းမီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း ဦးဆောင်ကာ သန္ဒေမီးသတ် ၃၀ ဦး၊ အရံ ၃၀ ဦးတို့ ပါဝင်သော ပူးပေါင်းအဖွဲ့မှ မီးငြိမ်းသတ်ယာဥ် ၆ စီး၊ အုပ်ချုပ်မှုယာဥ် ၁ စီးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ ၅ နာရီ ၄၀ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်စဥ်သည် နှလုံးအထူးကုဌာန၊ စမ်းသပ်ကုသဆောင် ၃ ထပ်ဆောင်၊  မြေညီထပ်၊ ကနဦးစမ်းသပ်ကုသခန်းတွင် တပ်ဆင်ထားသော အဲယားကွန်းရှိ ဝါယာကြိုး ရှော့ဖြစ်ပြီး မီးစတင်လောင်ကျွမ်းခဲ့ကြောင်း၊  မီးလောင်မှုကြောင့် လူ/တိရိစ္ဆာန် ထိခိုက်မှုမရှိကြောင်းနှင့် အဲယားကွန်တွင် တစ်ဆင့်ခံ တပ်ဆင်ထားသော မီးထိန်းစက် ၁ လုံး ပျက်ဆီးသွားခဲ့ကြောင်း မီးသတ်ဦးစီးဌာမှ သိရသည်။

ထွန်းထွန်းနိုင်