ထားဝယ် ဇန်နဝါရီ ၉
တောရိုင်းတိရစ္ဆာန်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးနှင့် ဖမ်းဆီးရမိသော တောရိုင်းတိရစ္ဆာန်များအား ပြုစုစောင့်ရှောက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီ က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ Diamond Crown Hotel ၌ကျင်းပသည်။
ဆွေးနွေးပွဲတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးလှထွေး က ယနေ့ဆွေးနွေးပွဲသည် တရားမဝင်ကုန်သွယ်မှုလုပ်ငန်းများမှ ဖမ်းဆီးရ မိသောတောရိုင်းတိရစ္ဆာန်များကို စနစ်တကျ ကိုင်တွယ်ထိန်းသိမ်းပြုစုစောင့်ရှောက်ခြင်း နည်းစနစ်များကို သစ်တောဦးစီးဌာနနှင့် နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်သော လိပ်မျိုးဆက် ရှင်သန်ရေးအဖွဲ့၊ သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်)တို့ ပူးပေါင်းပြီးကျင်းပသည့် သင်တန်းတစ်ခုဖြစ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တောရိုင်းတိရစ္ဆာန်များနှင့်သဘာဝအပင်များကို တရားမဝင်အမဲလိုက်သတ်ဖြတ်မှုများ၊ ရောင်းချနေမှုများ၊ မွေးမြူစုဆောင်းနေမှုများနှင့် တရားမဝင်ကူးသန်းရောင်း ဝယ်နေမှုများကို ထိရောက်စွာတားဆီးနှိမ်နှင်းရေးအတွက် နိုင်ငံအဆင့်လုပ်ငန်းအဖွဲ့ ဖွဲ့စည်းသကဲ့သို့တနင်္သာရီ တိုင်းအဆင့်ကိုလည်း ခရိုင်၊ မြို့နယ်များအထိ လုပ်ငန်းအဖွဲ့များဖွဲ့စည်းကာ အကောင် အထည်ဖော်ဆောင်ရွက်သွားရန် လိုအပ်လာကြောင်း၊ တနင်္သာရီတိုင်းအတွင်းရှိသက်ဆိုင်ရာ ခရိုင်/မြို့နယ်များအတွင်းမှာလည်း လူထုကိုအသိပညာပေး လှုံ့ဆော်ရန်နှင့် စားသောက်နေမှု၊ ရောင်းချနေမှု၊ တရားမဝင်ကုန်သွယ်မှု၊ ပါဝင်ပတ်သက်နေမှုတို့ကို စတင်အသိပေးခြင်း၊ သတိပေးခြင်းအနေဖြင့် ချင်းပြည်နယ်အစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက်သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဖေချစ်က အမှာစကားပြောကြားပြီး(WCS/TSA) မှ ဒေါက်တာ ကလျာ က ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ တိုင်းဒေသကြီးသစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေး မှူးဦးမောင်မောင်အေးက တောရိုင်းတိရစ္ဆာန်တရားမဝင်ရောင်းဝယ်မှုအား တားဆီးအရေး ယူမှုများအကြောင်း၊ (တောအုပ်ကြီး၊ဝန်းကျင်/သားငှက်)ဦးဇင်ဝင်းထွန်းက ဇီဝမျိုးစုံမျိုးကွဲနှင့်သဘာဝထိန်းသိမ်းရေး နယ်မြေများထိန်းသိမ်း စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေနှင့် CITES အကြောင်း စသည့်တိုကိုဆွေးနွေးပို့ချခဲ့ကြသည်။
ဆက်လက်၍ WCS မှ ဦးအောင်ကျော်က မြန်မာနိုင်ငံတွင်တရားမဝင် တောရိုင်းတိရစ္ဆာန် ကုန်သွယ်မှုအကြောင်း အရှေ့တောင်အာရှတွင် ကုန်သွယ်မှုအများဆုံး တောရိုင်းတိရစ္ဆာန် များအကြောင်း၊ တောရိုင်းတိရစ္ဆာန်တရားမဝင်သယ်ဆောင်သည့် နည်းလမ်းများအကြောင်းနှင့် WCS မှ ဦးသန်းဇော် က Wildlife Trade information gathering and analysis using SMART Profile နှင့် နို့တိုက်သတ္တဝါများအား မျိုးစိတ်ခွဲခြားခြင်းအကြောင်း စသည့်တိုကို ရှင်းလင်း ဆွေးနွေး ပို့ချခဲ့ကြသည်။
ဆွေးနွေးပွဲသို့ ဌာနဆိုင်ရာ ကိုယ်စားလှယ်များ၊ သားငှက်ထိန်းသိမ်းရေးအဖွဲ့မှ ကိုယ်စားလှယ်များ၊ လိပ်မျိုးဆက် ရှင်သန်ရေးအဖွဲ့မှ ကိုယ်စားလှယ်များနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြပြီးဆွေးနွေးပွဲကို ဇန်နဝါရီ ၁၀ ရက်နေ့ အထိရှင်းလင်းဆွေးနွေး ပို့ချပေးမည်ဖြစ်ကြောင်းသတင်းရရှိသည်။
ကျော်ကျော်လတ်(IPRD)