ဟားခါး နိုဝင်ဘာ ၂၄
ချင်းပြည်နယ် ဟားခါးမြို့နယ်အတွင်း စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်းသီးနှံစားတော်ပဲ ဒေသနှင့်ကိုက်ညီမှု ရှိ/မရှိကို အောက်တိုဘာလအတွင်း ဟားခါးမြို့၊ သီးမစ်လွင်ပြင်တွင် စမ်းသပ်စိုက်ပျိုးခဲ့ရာ အပင်ထွက်ရှိလာမှုများအား နိုဝင်ဘာ ၂၂ ရက်နေ့က ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးကျော်ကျော်နှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုခဲ့ကြ ကြောင်း သိရှိရသည်။
အဆိုပါ ဆောင်းသီနှံစားတော်ပဲ စမ်းသပ်စိုက်ပျိုးမှုအခြေအနေများနှင့်ပတ်သက်၍ “ကျွန်တော်တို့ ဒီဆောင်းနှံစားတော်ပဲကို ဒေသနှင့် ကိုက်ညီမှု ရှိ/မရှိ စမ်းသပ် စိုက်ပျိုးတာ ဖြစ်ပါတယ်၊ ဒေသနှင့်ကိုက်ညီမှုရှိရင်တော့ ချင်းပြည်နယ်အတွင်းကို ဆက်လက် ဖြန့်ဝေစိုက်ပျိုးသွားမှာ ဖြစ်ပါတယ်၊ ဒီဆောင်းသီးနှံစားတော်ပဲကို အခုစမ်းသပ်တဲ့အနေနှင့် (၀.၅)ဧကလောက် စမ်းသပ်စိုက်ပျိုးခဲ့ပါတယ်၊ အခုအပင်လေးတွေ တစ်လသားနီးပါး လောက်ရှိပါပြီ၊ သီးမစ်မှာ စပါးစိုက်တောင်သူတွေက စပါးစိုက်ပြီးရင် လယ်တွေဒီတိုင်း ထားကြတယ်၊ အဲ့ကြောင့် ဆောင်းသီးနှံအနေနဲ့ စားတော်ပဲစမ်းစိုက်ပြီး ကိုက်ညီမှုရှိရင် တောင်သူတွေကို စိုက်ပျိုးစေဖို့ စမ်းသပ်စိုက်ပျိုးသွားတာ ဖြစ်ပါတယ်” ဟု ဟားခါးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးရဲဝင်းအောင်က ပြောပါတယ်။
အဆိုပါ ဆောင်းသီးနှံစားတော်ပဲကို ဒေသနှင့်ကိုက်ညီမှု ရှိ/မရှိ စမ်းသပ်စိုက်ပျိုးခြင်းအဖြစ် (၀.၅)ဧက စတင်စမ်းသပ်စိုက်ပျိုးပြီး ဒေသနှင့်ကိုက်ညီမှုရှိလျှင် ဒေသခံတောင်သူများထံ ဆက်လက်ဖြန့်ဝေ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ဟားခါးမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနထံမှ သိရှိရသည်။
ခရိုင်(ပြန်/ဆက်)