ပုလော နို၀င်ဘာလ ၂၄
ပုလောမြို့နယ် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ကိုဗစ်−၁၉ရောဂါ ကာကွယ်နိုင်ရေးအသိပညာပေး လိုက်လံနှိုးဆော်ခြင်းကို ယမန်နေ့နံနက်ပိုင်းက မကျည်းကုန်း ကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပုလောမြို့နယ် ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်မြစောနွယ်နှင့် ၀န်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာ၀န်ရှိသူများ ပူးပေါင်း၍ ကိုဗစ်−၁၉ ရောဂါကို ကာကွယ်နိုင်ရန်အတွက် နေအိမ်အပြင်သို့ ထွက်ခွာတိုင်း နှာခေါင်း စည်းတပ်ဆင်သွားလာကြရန်၊ လက်ကို မကြာခဏဆေးကြောရန်၊ လူစုလူဝေးရှောင်ရှားရန် စသည့်တို့ကို အသိပညာပေးလိုက်လံနှိုးဆော်ခဲ့ပြီး၊ အသိပညာပေး လက်ကမ်းစာစောင်များ၊ ဗီနိုင်းပိုစတာများ အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရပါသည်။
ဆက်လက်၍ ပုလောမြို့နယ် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနနှင့် အဖွဲ့သည် ခမောင်းတောကျေးရွာ၊ လမ်းသေးမှော်ကျေးရွာ၊ အော်သာယာကျေးရွာနှင့် နတ်အိမ်ကမ်း ကျေးရွာများတွင် ကိုဗစ်−၁၉ ရောဂါ ကာကွယ်နိုင်ရေး အသိပညာပေးလိုက်လံ နှိုးဆော်၍ အသိပညာပေးလက်ကမ်းစာစောင်များ၊ ဗီနိုင်း ပိုစတာများ အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရပါ သည်။
အေးအေးမော်(ပုလော ပြန်/ဆက်)