ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်(၃၅၇/၅)နှင့်(၃၅၇/၆)အကြား အရက်ဆီများ တင်ဆောင် လာသည့် (၂၂)ဘီး တွဲကား တစ်စီးမီးလောင်မှုဖြစ်ပွား

တံတားဦး နိုဝင်ဘာ ၂၄

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်  ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ်(၃၅၇/၅) နှင့် (၃၅၇/၆) အကြား တွင် ယနေ့နံနက်()နာရီ(၂၀)မိနစ်အချိန်ခန့်က အရက်ဆီများ တင် ဆောင်လာသည့် (၂၂)ဘီး တွဲကား မော်တော်ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားကြောင်းသိရသည်။

အဆိုပါ မီးလောင်ရာသို့ တံတားဦးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးအေးနိုင်ဦးနှင့် တပ်ဖွဲ့ဝင်များ မြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်သူအောင်နှင့် တပ်ဖွဲ့ဝင်များ မီးသတ်ယာဉ်()စီး ရေသယ် ယာဉ်()စီးတို့နှင့်အတူ ဝိုင်းဝန်း ငြှိမ်းသတ်မှုကြောင့် နံနက်() နာရီ(၂၀)မိနစ်အချိန်ခန့်တွင် မီးငြှိမ်းသတ် နိုင်ခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ မန္တလေးဘက်မှ ရန်ကုန်ဘက်သို့  ယာဉ်မောင်း(စုံစမ်းဆဲ) မောင်းနှင်လာသည့် အရက်ဆီများ တင်ဆောင် လာသော (၂၂)ဘီးတွဲကားမော်တော်ယာဉ်တစ်စီးသည် (ယာဉ်အမှတ် စီစစ်ဆဲ) အရှိန်မထိန်းနိုင်ဘဲ လမ်းဘေး ကာသံတန်းအား ဝင်ရောက် တိုက်မိပြီး  တိမ်းမှောက်ကာ မီးလောင်မှု ဖြစ်ပွားကြောင်း ယာဉ်မောင်းမှာ ထွက်ပြေး တိမ်းရှောင်သွားခဲ့သဖြင့် ယာဉ်အား မဆင်မခြင် မောင်းနှင်၍ တိမ်းမှောက်မှုဖြစ်ကာ မီးလောင်ကျွမ်းခဲ့သဖြင့် ယာဉ်မောင်းအား ဥပဒေအရ အမှုဖွင့်ထားကြောင်းသိရသည်။

ရဲတင့်