ရပ်စောက်မြို့နယ် အစိုးရဝန်ထမ်းပေါင်းစုံ ငွေစုငွေချေး သမဝါယမလိမိတက်မှ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း အသင်းသား (၁၂၂၁)ဦးအား ထောက်ပံ့ငွေပေးအပ်

ရပ်စောက်      နိုဝင်ဘာ        ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် အစိုးရဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမလီမိတက်မှ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားစဉ်ကာလအတွင်း အသင်းသား(၁၂၂၁)ဦးအား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချူပ်ရေးမှူး ဦးသိန်းဇော်ဝင်းက အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဇင်မာဝင့်မှ အစိုးရဝန်ထမ်းပေါင်းစုံ ငွေစုငွေချေး သမဝါယမအသင်း လီမိတက်၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် ပတ်သက်၍ အသင်းသားများအား တစ်လလျှင် ထုတ်ချေးငွေ အတိုးနှုန်း (၁.၅၀)ပြားဖြင့် ထုတ်ချေးငွေပေါင်း ကျပ်သိန်း(၆၅၀)ကို ထုတ်ချေးပေးလျက်ရှိကြောင်း၊ အသင်းသား စုဆောင်းငွေပမာဏ ပေါ် မူတည်ပြီး အမြင့်ဆုံးထုတ်ချေးငွေ ကျပ်သိန်း(၂၀)အထိ ထုတ်ချေးပေးလျက်ရှိကြောင်း၊ ထုတ်ချေးငွေများကို လ(၂၀)ကာလ အတွင်း အကျေပြန်လည် ပေးသွင်းရမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်၍ အစိုးရဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်းလိမိတက်မှ တာဝန်ရှိသူများက အသင်းသားတစ်ဦးလျှင် ကျပ် (၁၅,၀၀၀)ဖြင့် အသင်းသား(၁၂၂၁)ဦးအတွက် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကြောင်းသိရသည်။

စိုင်းမြတ်ကျော်စိုး(ပြန်/ဆက်)