ပုဗ္ဗသီရိ နိုဝင်ဘာ ၂၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်အရင်းမပျောက် လည်ပတ်ရန်ပုံငွေစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး (VDP) စီမံကိန်းများအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာများ ရွေးချယ် ခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရည်မွန်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်မင်းဆွေက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည့် မြစိမ်းရောင် စီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုး တက်ရေး (VDP) စီမံကိန်း လုပ်ငန်းစဉ်များနှင့် ကျေးရွာများရွေးချယ်ရာ၌ လိုက်နာရမည့် အချက် များအား ရှင်းလင်းပြောကြားသည်။ ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန် ရှိသူတို့ က မြစိမ်းရောင်ကျေးရွာ တစ်ရွာနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး (VDP) စီမံကိန်း ကျွေးရွာသုံးရွာအား ကျေးရွာရွေးချယ်ရေး သတ်မှတ်ချက်များနှင့်အညီ ရွေးချယ်ခဲ့သည်။
ပုဗ္ဗသီရိမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိကျေးရွာ ပေါင်း(၇၄) ရွာအနက် မြစိမ်းရောင်ကျေးရွာ(၂၂)ရွာ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး (VDP) စီမံကိန်းကျွေးရွာ (၂၄)ရွာတို့၌ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် မြစိမ်းရောင် ကျေးရွာတစ်ရွာနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး (VDP) စီမံကိန်းကျွေးရွာ သုံးရွာ စတင်အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ သိရသည်။
ကံချွန်(ပြန်/ဆက်)