ပုသိမ် နိုဝင်ဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး ကိုဗစ် -၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေး နှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီးဌာနဝန်ကြီး ဒေါက်တာစိုးဝင်းသည် ယမန်နေ့က လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်နှင့် ဖျာပုံခရိုင် ဘိုကလေးမြို့နယ်များသို့ သွားရောက်ပြီး ကိုဗစ်-၁၉ စစ်းဆေးရေးဂိတ်များသို့ သွားရောက်ကြည့်ရှု အားပေးစကား ပြောကြားခဲ့သည်။
မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးနှင့် စစ်ဆေးရေးဂိတ်များဖြစ်သည့် ဝဲဒေါင့်ဂိတ်နှင့် ပျားပင်လျှော်ချောင်း ဂိတ်များသို့လည်းကောင်း၊ ဆက်လက်ပြီး ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ သက္ကံစစ်ဆေးရေး ဂိတ်သို့လည်းကောင်း ရောက်ရှိပြီးနောက် ဂိတ်တွင် တာဝန်ယူ ဆောင်ရွက်နေကြသူများအား တွေ့ဆုံ၍ အားပေးစကား ပြောကြားခဲ့သည်။
ထို့နောက် ဝန်ကြီးသည် စစ်ဆေးရေးဂိတ်များအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ငွေ တစ်မြို့နယ်လျှင် ကျပ် ၅ သိန်းစီကို တာဝန်ရှိသူများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
မောင်မောင်မြင့်( ပြန်/ဆက်)