ပလောက်မြို့ ပြည်ခြားကျေးရွာအုပ်စု ပြည်ခြားကျေးရွာရှိ မီးဘေးသင့်နေအိမ်တစ်လုံးအတွက် ထောက်ပံ့

ပလောက် နိုဝင်ဘာ ၂၄

ပလောက်မြို့ ပြည်ခြားကျေးရွာအုပ်စု ပြည်ခြားကျေးရွာတွင် နိုဝင်ဘာလ(၂၀)ရက်နေ့က မီးလောင်မှုဖြစ်ပွားသော အိမ်ထောင်စုတစ်စုကို ယမန်နေ့ မွန်းတည့် (၁၂) နာရီအချိန်က လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပုလောမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက ထောက်ပံ့ကူညီခဲ့ကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင်  မီးဘေးသင့်အိမ်ထောင်စုတစ်စုအတွက် အိမ်ဆောက်ပစ္စည်း ဖိုးငွေ  (၁၀၀၀၀၀) ကျပ်၊ လူဦးရေ (၆) ဦးအတွက် (၇) ရက်စာ ဆန်ရိက္ခာဖိုး (၁၂၆၀၀) ကျပ် ၊ စုစုပေါင်းထောက်ပံ့ငွေ  (၁၂၆၀၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ (၁)ပုံးကို ပုလော မြို့နယ် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြစောနွယ်က ထောက်ပံ့ပေးခဲ့ ကြောင်း သိရသည်။

နှင်းမြူလွင်