တနိုင်းမြို့နယ်ရှိ စားသောက်ဆိုင်များအား စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်နိုင်ရေး ကွင်းဆင်း စစ်ဆေး

တနိုင်း  နိုဝင်ဘာ  ၂၄

ကချင်ပြည်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်အတွင်း စားသောက်ဆိုင်များအား ကျန်းမားရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသော ကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ စံသတ်မှတ်ချက် များနှင့်အညီ ဆောင်ရွက်ထားသည့် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များကို ဆိုင်ထိုင်စနစ်ဖြင့် ရောင်ချခွင့်ပြု ပေးမည်ဖြစ်ရာ ယနေ့နံနက် ၁၀ နာရီက စံသတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ထားရှိမှု ရှိ/မရှိတို့ကို တာဝန်ရှိသူ များက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကွင်းဆင်းစစ်ဆေးရာတွင် တနိုင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်း၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးဇော်လွမ်းတူး၊ မြို့နယ် စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးဖြိုးဝေဆန်း၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ သန်းထွန်းဝင်းတို့က မြို့ပေါ်ရပ်ကွက်ရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင် (၁၀)ဆိုင်တို့အား ကွင်းဆင်း သွားရောက်ပြီး ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချရန်အတွက် ကျန်းမားရေးနှင့် အာကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ စံသတ်မှတ်ချက်များနှင့်အညီ ပြင်ဆင်ဆောင်ရွက်ထားမှု ရှိ/မရှိစစ်ဆေးပြီး ဆိုင်ရှင်နှင့် ဆိုင်တာဝန်ခံများအား စားသောက်ဆိုင်များတွင် ပြင်ဆင်ဆောင်ရွက် ထားရှိရမည့်အချက်များ အထူးဂရုပြု ဆောင်ရွက်ရမည့် သန့်ရှင်းရေးလုပ်ငန်းများ အစရှိသည့် ဆိုင်များဖွင့်လှစ်ရာတွင် လိုက်နာရမည့် အချက်များကို ပညာပေးရှင်းလင်း ဆွေးနွေးခဲ့ကြသည်။

အဆိုပါ စားသသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင် (၁၀)ဆိုင်စစ်ဆေးရာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ စံသတ်မှတ်ချက်နှင့် ကိုက်ညီသည့် ဆိုင်()ဆိုင်အား ဖွင့်လှစ်ရောင်း ခွင့်ပြုနိုင်ရေး ပြည်နယ်စည်ပင်သာယာ ရေးအဖွဲ့သို့ တင်ပြသွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦဖြိုးဝေဆန်းထံမှ သိရသည်။

ဝါဝါ(ပြန်/ဆက်)