ကိုဗစ်-၁၉ ရောဂါ မပြန့်ပွားစေရေးနှင့် ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ လှည့်လည်ကြေညာ

ပလက်ဝ နိုဝင်ဘာ ၂၄

ပလက်ဝမြို့တွင် လက်ရှိဖြစ်ပွာနေသော ကိုဗစ်-၁၉ ရောဂါ မပြန့်ပွားစေရေးနှင့် ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက်  မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပြန်ထားသော အမိန့်ကြော်ငြာချက် များကို ယမန်နေ့က မြို့တွင်း၌ ကားဖြင့် လှည့်လည်ကြေညာခဲ့သည်။

ပလက်ဝမြို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ နိုဝင်ဘာ ၁၉ ရက်နေ့ ထုတ်ပြန်ချက်အရ ရန်ကုန်မြို့မှ ပြန်လာသူ(၄) ဦးတွင် ကိုဗစ်-၁၉ ရောဂါပို့တွေ့ရှိရသဖြင့် ပြည်သူများအနေဖြင့် ထုတ်ပြန်ချက် များကို အလေးထားလိုက်နာဆောင်ရွက်ကြရန်၊ မလိုအပ်ဘဲအပြင်မထွက်ကြရန်နှင့် မိမိအိမ်တွင်သာ နေထိုင်ကြရန်၊ အပြင်ထွက်ပါက နှာခေါင်းစည်းများ တပ်ဆင်ကြရန်၊ အပြင်မှပြန်လာတိုင်း လက်ဆေးရန်တို့ကို လှည့်လည်၍ အသိပေးကြေညာခဲ့ကြကြောင်း သိရသည်။

ထိုသို့လှည့်လည်ကြေညာဆောင်ရွက်ခြင်းကို နိုဝင်ဘာ (၂၀) ရက်နေ့မှစ၍ နံနက်ပိုင်းတွင်တစ်ကြိမ်၊ ညနေပိုင်း တွင်တစ်ကြိမ်၊ တစ်နေ့လျှင်နှစ်ကြိမ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အောင်ကျော်(ပလက်ဝ)