ချီဖွေ နိုဝင်ဘာ ၂၄
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ် မြန်မာစီးပွားရေးဘဏ်ခွဲမှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာ ငွေများကို ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ကာလအတွင်း လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် ပင်စင်စားများအား နေ့အလိုက် ခွဲခြားသတ်မှတ်၍ Social Distancing နှင့်အညီ ယမန်နေ့ နံနက် ၈ နာရီမှစတင်၍ ပင်စင်လစာများ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ထုတ်ပေးရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များနှင့်အညီ တိကျစွာ လိုက်နာ ကြရန် စည်းကမ်းချက်များ ကပ်ထားကြေညာခြင်း၊ လက်ဆေးရန်နေရာနှင့် ဆပ်ပြာများ ထားရှိပေးခြင်း၊ တစ်ဦးနှင့် တစ်ဦး (၆)ပေအကွာတွင် နေထိုင်နိုင်ရန် စီစဉ်ထားရှိပေးပြီး ထုတ်ပေးလျက်ရှိသည်။
ချီဖွေမြို့နယ်တွင် မြို့ပြပင်စင်စား(၁၄၂)ဦး၊ ကာကွယ်ရေးပင်စင်စား(၁၄၀)ဦး၊ နိုင်ငံရေးပင်စင်စား(၅၇)ဦး စုစုပေါင်း (၃၃၉)ဦး ရှိကြောင်းနှင့် ယနေ့တွင်တော့ မြို့ပြပင်စင်စား((၇၂)ဦး၊ ကာကွယ်ရေးပင်စင်စား (၄၃)ဦး၊ နိုင်ငံရေး ပင်စင်စား (၂၄)ဦး စုစုပေါင်း(၁၃၉)ဦး လာရောက်ထုတ်ယူနိုင်ခဲ့ကြောင်း မြို့နယ်မန်နေဂျာ ဒေါ်ဇောင်းညွယ် ထံမှသိရသည်။
နန်းမြင့်(မြို့နယ်ပြန်/ဆက်)