မင်းတပ်မြို့၌ အသွားအလာကန့်သတ်စောင့်ကြည့်စင်တာ နေထိုင်သူနှစ်ဦး အိမ်ပြန်ခွင့်ရ

မင်းတပ်  နိုဝင်ဘာ ၂၄

မင်းတပ်မြို့ လူငယ်သင်တန်းကျောင်း အမှတ်()နှင့်()တို့၌ Facility Quarantine နေထိုင်သူနှစ်ဦးအား မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းဧရာထိုက်နှင့် တာဝန်ရှိသူများက ယနေ့ နံနက် ၁၀ နာရီတွင် အိမ်ပြန်ခွင့် လက်မှတ်များ ပေးအပ်ခဲ့သည်။

၎င်း Facility Quarantine နေထိုင်သူနှစ်ဦးအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဧရာထိုက်နှင့် တာဝန်ရှိသူများက အိမ်ပြန်ခွင့် လက်မှတ်များပေးအပ်ပြီး အိမ်တွင်လည်း Home Quarantine ဆက်လက် နေထိုင်ရမည်ဖြစ်ကြောင်း မှာကြားသည်။

ယခုလက်ရှိတွင် မင်းတပ်မြို့ Quarantine Centre များ၌ Facility Quarantine နေထိုင်သူ ၅၆ ဦး ကျန်ရှိကြောင်း ခရိုင်ပြည်သူကျန်းမာရေးမှူး ဒေါက်တာဇော်ဝင်းနိုင်ထံမှ သိရသည်။

ခွီရှိန်းမောင်း(မင်းတပ်)