ဒေးဒရဲ နိုဝင်ဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါက်တာ စိုးဝင်းနှင့် အဖွဲ့သည် ဒေးဒရဲမြို့နယ် တံတားအဆင်းရှိ ဒေးဒရဲတံတား စစ်ဆေးရေး ဂိတ်သို့ ယနေ့နံနက် ၁၀ နာရီက ရောက်ရှိကာ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက် နေမှုအား ကြည့်ရှုစစ်ဆေးပြီး အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဒေါက်တာစိုးဝင်းသည် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူ များနှင့်အတူ ဒေးဒရဲတံတားစစ်ဆေးရေးဂိတ်တွင် ခရီးသွားပြည်သူများအား ခရီးသွား ထောက်ခံ စာများ စစ်ဆေးခြင်းကို ကြည့်ရှုအားပေးခဲ့ပြီး ဒေးဒရဲမြို့နယ်ရှိ တာဝန်ရှိသူများက ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးက လိုအပ်သည်များ မှာကြားခဲ့ပြီး မြို့နယ်တွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး အထောက်အကူပြု လုပ်ငန်းများတွင် သုံးစွဲရန်အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့သည့် အလှူငွေကျပ်(၅)သိန်းအား ပေးအပ် လှူဒါန်းခဲ့ရာ မြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးထက်မြက်အောင်နှင့် အဖွဲ့ဝင် များက လက်ခံရယူခဲ့ကြောင်း သိရသည်။
မြင့်မြင့်ခိုင်(ပြန်/ဆက်)