ဒေးဒရဲမြို့၌ ကိုဗစ်-၁၉ ကာလအတွင်း အခြေခံစားသောက်ကုန်ဈေးနှုန်းများ မြှင့်တင်ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ဒေးဒရဲ နိုဝင်ဘာ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများသို့ ကိုဗစ်-၁၉ ကာလအတွင်း အခြေခံစားသောက်ကုန်ဈေးနှုန်းများ မြှင့်တင်ရောင်းချမှု မရှိစေရန် ရည်ရွယ်၍ ယမန်နေ့ နံနက် ၁၀ နာရီက အမှတ်(၃)ရပ်ကွက်အတွင်းရှိ အေဝမ်းဈေးသို့ ပူးပေါင်းစစ်ဆေးရေး အဖွဲ့များက ကွင်းဆင်းသွားရောက်၍ စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် စစ်ဆေး ရေးမှူး ဦးသိမ်းမောင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင် သာယာရေး အဖွဲ့ဝန်ထမ်းများ ပူးပေါင်း၍ အမှတ်(၃)ရပ်ကွက်၊ အေဝမ်းဈေးအတွင်း ရောင်းချ လျက်ရှိသည့် ကုန်ခြောက်ဆိုင်များနှင့် ကုန်မျိုးစုံဆိုင်များတွင် အခြေခံ စားသောက်ကုန် ဈေးနှုန်းများ မြှင့်တင် ရောင်းချမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် ကုန်ပစ္စည်းများ သိုလှောင်ပြီး မသမာသောနည်းဖြင့် ကုန်ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေး ပူးပေါင်း စစ်ဆေးရေးအဖွဲ့က အသိပညာပေး ရှင်းလင်း ခဲ့ကြကြောင်း သိရသည်။

မြင့်မြင့်ခိုင်(ပြန်/ဆက်)