မြစ်သားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များအတိုင်း စနစ်တကျထုတ်ပေး

မြစ်သား      နိုဝင်ဘာ  ၂၄


မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် မြန်မာ့စီးပွားရေးဘဏ်တွင် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများဆောင်ရွက်နေစဉ်အတွင်း  နိုဝင်ဘာလအတွက် ပင်စင်လစာများကို ယနေ့ နံနက် (၈) နာရီခွဲအချိန်မှ စတင်၍ ထုတ်ပေးလျက်ရှိကြောင်းသိရသည်။
မြစ်သားမြို့နယ်အနေဖြင့် ပင်စင်စားဝန်ထမ်းဦးရေ(၂၃၀၀)ကျော်ရှိပြီး ယနေ့တွင် ပင်စင်စားဝန်ထမ်း (၃၀၀)ကျော်ကို ထုတ်ပေးမည်ဖြစ်ကြောင်း၊ ကျန်ရှိသောပင်စင်စားဝန်ထမ်းများကိုလည်း ရုံးဖွင့်ရက်များတွင် ရုံးချိန်အတွင်းဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ ပင်စင်စားဝန်ထမ်းများ ပင်စင် လာရောက် ထုတ်ယူရာတွင် အဆင်ပြေ ချောမွေ့စွာထုတ်ယူနိုင်ရန်အတွက် မြို့နယ်မြန်မာ့စီးပွားရေးဘဏ်တွင် အများသူငါ ရုံးပိတ်ရက်များမှအပ ရုံးဖွင့်ချိန်များတွင် လစဉ်လတိုင်း (၂၁)ရက်မှ လစာထုတ်ရက်မတိုင်မီ တစ်ရက်နေ့ အထိထုတ်ပေးလျက်ရှိပါကြောင်း မြို့နယ်မြန့်မာ့စီးပွားရေးဘဏ် တာဝန်ခံတစ်ဦးမှပြောပြ၍ သိရသည်။
ပင်စင်လစာများထုတ်ပေးရာတွင်  မြို့နယ်ကျန်းမာရေး ဝန်ထမ်းများက မြန်မာ့စီးပွားရေးဘဏ်သို့လာရောက်သည့် ပင်စင်စား ဝန်ထမ်း များအား ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ နှာခေါင်းစည်း Mask များစနစ်တကျ တပ်ဆင်စေရေး အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါကာကွယ် ရေးဆိုင်ရာ လမ်းညွှန်ချက်များအတိုင်း စနစ်တကျထုတ်ပေးလျက်ရှိကြောင်း သိရသည်။

မြမြမွန်(ပြန်/ဆက်)