၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အခမ်းအနားသို့ ကယားပြည်နယ်ဝန်ကြီးချုပ် တက်ရောက်

လွိုင်ကော် အောက်တိုဘာ

၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့ နေ့လယ်က ပြည်နယ်ပညာရေးမှူးရုံး၊ ပညာ့ဗိမာန်ခန်းမ၌ကျင်းပရာ လွိုင်ကော်မြို့ အမှတ်() အခြေခံပညာအထက်တန်းကျောင်း ကျောင်းသားကျောင်းသူများက မြတ်ဆရာ သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်ကဖတ်ကြားပြီး ကုလသမဂ္ဂလက်အောက်ခံအဖွဲ့ ()ဖွဲ့၏ အဖွဲ့ခေါင်းဆောင်များက ပေးပို့သော စုပေါင်းသဝဏ်လွှာအား ပြည်နယ်ပညာရေးမှူး ဒေါ်တင်တင်အေးက ဖတ်ကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာပြိုင်ပွဲများတွင် ပထမဆုရရှိကြသူများကို ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒုတိယဆုရရှိကြသူများကို ပြည်နယ်တရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းစိုးအောင်၊ တတိယဆုရရှိကြသူများကို လူမှုရေးရာဝန်ကြီး ဦးအောင်မျိုးသိန်းနှင့် ပြည်နယ်ပညာရေးမှူး ဒေါ်တင်တင်အေးတို့က ဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများအား ချီးမြှင့်ကြရာ ဆုရရှိကြသူ ကျောင်းသားကျောင်းသူအသီးသီးက လက်ခံရယူကြသည်။ ဆက်လက်၍ လွိုင်ကော်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)နမ့်ကွတ်မှ ကျောင်းသားကျောင်းသူများက အနန္တငါးဖြာ မြတ်ဆရာ သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး ဖွင့်ပွဲနှင့် ပိတ်ပွဲ တေးသီချင်း သီဆိုဖျော်ဖြေကြသည့် ကျောင်းသားကျောင်းသူများအား ပြည်နယ်အစိုးရအဖွဲ့က ဂုဏ်ပြုချီးမြှင့်ငွေများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)