ပြည်ကြီးမဏ္ဍိုင်မြို့၌ ကိုဗစ်-၁၉ ရောဂါအသိပညာပေး နံရံကပ်စာစောင်များပြသ

ပြည်ကြီးမဏ္ဍိုင်        နိုဝင်ဘာ    ၂၄


တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးရှေ့မြေစိုက်ဘုတ်တွင်  ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေး အသိပညာပေးပြသခြင်းကို ယနေ့နံနက်ပိုင်းမှ စတင်၍ပြသဆောင်ရွက်ထားလျက်ရှိသည်။                                                                                                    
အဆိုပါ ပြဘုတ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် သတင်းအချက်အလက်များ၊ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေး ရုပ်ပုံများ၊ ရောဂါကူးစက်မှုမဖြစ်ပွားရေးရှောင်ရန်၊ ဆောင်ရန်အချက်များ၊ နှာချေချောင်းဆိုးသည့်အခါတိုင်း လိုက်နာရမည့်ကျင့်ဝတ်များ၊ စနစ်တကျ လက်ဆေးနည်းလမ်းညွှန်ချက်များနှင့် ရုပ်ရှင်သရုပ်ဆောင်များ၏ ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေးအသိပညာပေးလှုပ်ရှားမှုမှတ်တမ်းဓာတ် ပုံများကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး အသိပညာပေးဆောင်ရွက်ထားကြောင်း သိရသည်။
မျိုးလွင်(ပြန်/ဆက်)