သပိတ်ကျင်း၊ နိုဝင်ဘာ ၂၄
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့ ပြည်သူ့ဆေးရုံတွင် တက်ရောက်ဆေးကုသမှု ခံယူနေသော လူနာများအတွက် လိုအပ်နေသည့် ဆေရုံသုံးအထောက်အကူပြု Power Air-purifying Respirator ပစ္စည်း(၂)စုံအား သပိတ်ကျင်းမြို့ပြည်သူ့ဆေးရုံသို့ မန္တလာရွှေပြည်ကားအသင်းမိသားစုမှ ယနေ့နံနက် ၁၀နာရီခွဲအချိန်က လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
သပိတ်ကျင်းမြို့ ပြည်သူ့ဆေးရုံအတွက်လိုအပ်နေတဲ့ ဆေးရုံသုံးပစ္စည်းတွေကို ကျွန်တော်တို့ သပိတ်ကျင်းမြို့ အခြေစိုက် မန္တလာရွှေပြည်ကားအသင်းမိသားစုက လိုအပ်ရင် ဆက်လက်လှူဒါန်းသွားမှာပါ၊ မနှစ်ကလဲ သပိတ်ကျင်းမြို့ ပြည်သူ့ဆေးရုံမှာလိုအပ်နေတဲ့ နှလုံးရောဂါဝေဒနာရှင်များ အသုံးပြုနိုင်ရန် အတွက် ငွေကျပ်(၁၁)သိန်း တန်ဖိုးရှိ ECG စက်တစ်လုံးလှူဒါန်းခဲ့ပါတယ်။ ဒီလိုလှူဒါန်းနိုင်တာကလည်း ခရီးသွားပြည်သူများရဲ့ မန္တလာရွှေပြည်ကားအသင်းကို အားပေးခဲ့လို့ အောင်မြင်မှုရရှိပြီး လှူဒါန်းနိုင်တာပါဟု အသင်းဥက္ကဌ ဦးသိန်းဌေးမှ ပြောပြခဲ့ သည်။
အဆိုပါလှူဒါန်းပေးအပ်ရာတွင် ငွေကျပ်(၁၀)သိန်းတန်ဖိုးရှိ Power Air-purifying Respirator လေထု သန့်စင်ပေးသော အထောက်အကူပြု (ခေါင်းဆောင်းနှင့်ပါးစပ်နှာခေါင်းစည်း) (၂)စုံအား မန္တလာ ရွှေပြည်ကား အသင်းဥက္ကဋ္ဌ ဦးသိန်းဌေးနှင့် ယာဉ်ပိုင်ရှင်များ၊ ယာဉ်မှူး/ယာဉ်လိုက်များနှင့်မိသားစုများမှ ပေးအပ်လှူဒါန်းရာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်မိုးခိုင်နှင့် ကျန်းမာရေးဝန်ထမ်းများမှ လက်ခံရယူပြီး အလှူရှင် များအား ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြောင်းသိရသည်။
စိုးနိုင်ဝင်း(ပြန်/ဆက်)