မယ်စဲ့မြို့နယ် မယ်ဆည်နမ်ကျေးရွာအုပ်စု ဆဌမအကြိမ်မြောက် မြစိမ်းရောင်ရန်ပုံငွေများ ပြန်လည်ထုတ်ချေးပေး

မယ်စဲ့  နိုဝင်ဘာ ၂၄


စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန မယ်စဲ့မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန က အကောင်အထည်ဖော် ဆောင်ရွက်နေသည့် မယ်ဆည်နမ်၊ နမ့်ဟူး၊ ဟိုဂျစ်၊ လယ်တော ကျေးရွာ မြစိမ်းရောင် အရင်းမပျောက်ရန်ပုံငွေ ဆဌမအကြိမ် ပြန်လည် ထုတ်ချေးခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက မယ်ဆည်နမ်ကျေးရွာအုပ်စု၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြစိမ်းရောင်စီမံကိန်းအကောင်အထည်ဖော်ရေးလုပ်ငန်း ကော်မတီဥက္ကဌ မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်ဦးက မြစိမ်းရောင်ချေးငွေရရှိသည့် ပမာဏပေါ်မှုတည်၍ လက်တွေ့တွင်လည်း ချေးငွေပမာဏနှင့် ကိုက်ညီသောလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ကြရန်နှင့် ၎င်းလုပ်ငန်းကိုလည်း မြို့နယ်ကော်မတီများက ကွင်းဆင်းစစ်ဆေးမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
ထို့နောက် မြို့နယ်ကော်မတီမှ မယ်ဆည်နမ်ကျေးရွာအုပ်စုမှ စိုက်ပျိုးရေးလုပ်ကိုင်သူ ၈၉ ဦး၊ မွေးမြူရေးလုပ်ကိုင်သူ ၂၀ ဦး၊ အရောင်းအဝယ်လုပ်ကိုင်သူ ၇ ဦး၊ စုစုပေါင်း ၁၁၆ ဦးအတွက် ချေးငွေကျပ် ၄၆၄,၀၀၀၀၀ ကို ကျေးရွာကော်မတီထံ လွှဲပြောင်းပေးအပ်ရာ ကျေးရွာကော်မတီမှ ငွေချေးယူသူ အသင်းသားများ လက်ဝယ်သို့ ဆဌမအကြိမ်မြောက် ပြန်လည်ထုတ်ချေး ပေးခဲ့ ကြောင်း သိရသည်။
စိုင်းလျှမ်း(ပြန်/ဆက်)