မိုင်းနောင် နိုဝင်ဘာ ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့တွင် နှာခေါင်းစည်း (Mask) မဖြစ်မနေတပ်ဆင်ရေး လှုပ်ရှားမှုအဖြစ် (Mask Campaign) ကို ပျံကျဈေးနှင့် လူစည်ကားသည့် လမ်းဆုံများတွင် ယနေ့ နံနက်(၇)နာရီအချိန်က ပြုလုပ်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ဈေးရောင်းဈေးဝယ်များနှင့် ဒေသနေပြည်သူလူထုများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ် နိုင်ရေး အတွက် မိမိနေအိမ်တွင်သာ (Stay Home) နေထိုင်ရန်၊ နေအိမ်ပြင်ပ ထွက်တိုင်း မဖြစ်မနေ နှာခေါင်းစည်း (Mask) တပ်ဆင်ရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ နေထိုင်ရန်၊ လူစည်ကားသည့် နေရာများ သို့သွားလာခြင်း မပြုရန် အသိပေးနှိုးဆော်ခြင်း၊ နှာခေါင်း စည်း (Mask) မတပ်ဆင်သူများအား (Mask) များ အခမဲ့ဖြန့်ဝေခဲ့သည်။
အဆိုပါ လှုပ်ရှားမှုတွင် မြို့ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်ရေးကော်မတီဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ခွဲ စည်ပင်သာယာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ် ဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ နှာခေါင်းစည်း (Mask) မဖြစ်မနေ တပ်ဆင်ရေး လှုပ်ရှားမှု အဖြစ် (Mask campaign) ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်