ဘိုကလေး နိုဝင်ဘာ ၂၄
အာဖရိကဝက်အပြင်းဖျားရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် တစ်ဒေသမှ တစ်ဒေသသို့ ဝက်များရွှေ့ပြောင်း သယ်ယူမည် ဆိုပါက သက်ဆိုင်ရာမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကူးစက်ရောဂါ ကင်းရှင်းကြောင်း ကျန်းမာရေးထောက်ခံချက်ပါမှသာ ရွှေ့ပြောင်းသယ်ယူ ခွင့်ပေးမည်ဖြစ်ကြောင်း၊ ကျန်းမာရေး ထောက်ခံချက်မပါရှိပါက ရွှေ့ပြောင်းသယ်ဆောင်ခွင့် မပြုနိုင်ရေး မြို့နယ်အုပ်ချုပ်ရေးမှူးမှ နိုဝင်ဘာ(၁၈) ရက်နေ့တွင် စတင်၍ ညွှန်ကြားချက်ထုတ်ပြန်ထားသည်။
အဆိုပါ ညွှန်ကြားချက်အား ဘိုကလေးမြို့နယ်အတွင်းရှိရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ဘိုကလေးမြို့အဝင် သာပေါင်းဂိတ်နှင့် သကံစစ်ဆေးရေးဂိတ်တို့အား ပေးပို့ ညွှန်ကြားထားကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)