မိုးနဲမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မိုးနဲ     နိုဝင်ဘာ     ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင် ၊မိုးနဲမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီ၏ စီစဉ်မှုဖြင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်ကမ္ဘောဇခန်းမ၌ ကျင်းခဲ့‌ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသ‌ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးစိုးထွဋ်က ပြည်ပ နိုင်ငံများမှ တရားမဝင် လူဝင်ထွက် သွားလာမှုမရှိစေရေး၊ ရောဂါကြိုတင်ကာကွယ်ရေး ဆိုင်ရာလှုပ်ရှားမှုများ အရှိန် အဟုန်မြှင့် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးအဖွဲ့များ၊ ရပ်ကွက်လူငယ် Volunteer အဖွဲ့များ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ တည်းခိုခန်း များတွင် ညအိပ်တည်းခိုမှု စာရင်းကို သတ်မှတ်ပုံစံအတိုင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်း ကော်မတီသို့ မပျက်မကွက် တင်ပြရန် လိုအပ်‌ကြောင်း၊ ပြည်သူများ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ညွှန်ကြားချက်များ ကျယ်ကျယ် ပြန့်ပြန့် သိရှိလိုက်နာနိုင်ရေး Hand Speaker များဖြင့် စဉ်ဆက်မပြတ် အသိပေး နှိုးဆော်ရန်နှင့် ပညာပေး လုပ်ငန်များ ဆောင်ရွက်ရန်လိုအပ်‌ကြောင်း၊   Quarantine Center များကို တိုးချဲ့ဖွင့်လှစ်နိုင်ရေး ဆောင်ရွက် ထားရှိရန် နှင့် Quarantine Center များ စည်းကမ်းစနစ်တကျ ရှိစေရေးဆောင်ရွက်ရန်၊ မြို့မိမြို့ဖများ၊ ရပ်/ကျေး အုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ Volunteer များ ပါဝင်သောအဖွဲ့ဖြင့် ကြီးကြပ်ဆောင်ရွက် ရန်လို အပ်‌ကြောင်း၊ ကိုဗစ်-၁၉  ဂိတ်များကို တိမ်းရှောင်၍ ရှောင်ကွင်းလမ်းများမှ ဝင်ရောက်လာမှုများကို တားမြစ်ဆောင် ရွက်ရန်နှင့် လိုက်နာမှု မရှိပါက တည်ဆဲဥပဒေအရ အရေးယူရန် လိုအပ်ကြောင်း စသည်ဖြင့် ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ အတွင်း ရေးမှူး ဒေါက်တာဇင်မီဟန်နှင့် လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့များက မြို့နယ်အတွင်း ရောဂါကြိုတင် ကာကွယ် ရေးဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုများ၊ ဆက်လက်ဆောင်ရွက်ရန် လိုအပ်သည့် အကြံပြုချက်များကို ဆွေးနွေးခဲ့‌ကြောင်း သိရ သည်။

မျိုးညွန့်ရွှေ (မိုးနဲ)